MNP ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် ၊ သံတွဲမြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ အခမ်းအနားကိုရခိုင်မင်္ဂလာစည်တော်တီး၍ဖွင့်လှစ်ပေးပြီး ရခိုင်ရိုးရာယိမ်းအကဖြင့် ဂုဏ်ပြုကပြဖျော်ဖြေခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးမျိုးချစ် က ဖတ်ကြားသည်။ ပြီးနောက် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အားဂုဏ်ပြုသောအားဖြင့် သံတွဲဒေသဖွါး စာရေးဆရာမောင်လွန်းကြင်(ကွယ်လွန်)နှင့် ကဗျာဆရာ မြင့်စိုးကြည်(သံတွဲ)တို့ရေးသားသည့် “ကမ်းမြောင်ဒေသ၏ စုစည်းခြင်းလက္ခဏာ” သီချင်းအား သံတွဲမြို့ရခိုင်ရိုးရာတေးနုယဉ်အဖွဲ့မှ ဂုဏ်ပြုသီဆိုခဲ့ကြသည်။
ထို့နောက် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် အခြေခံပညာအထက်တန်း ၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများ နှင့် ဖျော်ဖြေတင်ဆက်သည့် ရခိုင်မင်္ဂလာစည်တော်အဖွဲ့ ၊ ရခိုင်ရိုးရာယိမ်းအဖွဲ့ တေးနုယဉ်အဖွဲ့တို့အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြပြီးနောက် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးမျိုးချစ် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးမောင်သာစိန် နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား၊ကျောင်းသူများ၊ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက် ရောက်ခဲ့ကြကြောင်းသိရသည်။
အခမ်းအနားအပြီးတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နှင့်တာဝန်ရှိသူများသည် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် ကျောင်းပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲအားကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမ၊ဒုတိယရရှိသည့်အသင်းများနှင့် အပြေးပြိုင်ပွဲ မီတာ ၄၀၀၊ ၈၀၀ ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment