MNP - ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ဇယန်းကြီးကျေးရွာ ဇယန်းကြီးဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေကြသော ဟူးမန်းကျေးရွာအုပ်စု ကုန်းသာကျေးရွာမှ နေရပ်စွန့်ခွာမီဘေးသင့် အိမ်ထောင်စု (၈)စုအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်ရေးကော်မတီမှ ပေးပို့လာပြီး မိသားစုသုံးပစ္စည်း (၁၅)မျိုးပါ (Family kit) ၈ပုံး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်း (၁၈)မျိုးပါ (Hygiene kit) ၈ပုံး၊ ရေသန့်ထည့်ရန်ပုံး (၈)ပုံး ၊ မီးဖိုဆောင်သုံး ပစ္စည်း ၈ မျိုးပါ ဂျပ်ဖာ ၈ ပုံး၊ အမျိုးသမီး တကိုယ်သုံးပစ္စည်း (၁၀)မျိုးပါ (Dignity kit)(၅၀)အိပ်၊ အိမ်ထောင်စု(၃၉)အိမ်ထောင်စုအား စောင်(၃၉)ထည်တို့အား နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးခင်မောင်နှင့် တပ်ဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment