MNP - ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁ဝ:၀၀ နာရီအချိန်က အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင် ပညာရေးမှူး ဦးစသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်း ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ Grade-10မှ မောင်စိုင်းအာကာက လူငယ်နှင့်နည်းပညာ၊ မအေးအေးစိုးက လူငယ်နှင့်စာရိတ္တ၊ Grade-11မှ မောင်ထက်ကောင်းက လူငယ်နှင့်ကျန်းမာရေး၊ မရှင်းသန့်နွယ်က လူငယ်နှင့်မူးယစ်ဆေးဝါး စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသားကျောင်းသူများက ပြန်လည်ဖြေကြားပြီး၊ ဆရာမ ဒေါ်ချိုပိုင်အေးက ဖြည့်စွက်ဖြေကြားပေးပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများကို (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး၊ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်/ စာစောင်များ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment