မက်မန်းမြို့ အ-ထ-က ကျောင်း၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့ အ-ထ-က ကျောင်း၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကျင်းပ

 


MNP - ဒီဇင်ဘာ ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ (အထက) ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲ နိုဝင်ဘာ ၂၈ ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်တွင် ကိုကာယအားကစား ပြိုင်ပွဲကို မက်မန်းမြို့ ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။.


အဆိုပါ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုင်ဝင်ဘာလ ၂၈ ရက်နေ့မှစတင်၍  ကျင်းပခဲ့ရာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရေးဖြေစစ်ဆေးခြင်း၊ သင်္ချာနှင့်အထွေထွေဗဟုသုတ၊ ရေးဖြေ၊ နုတ်ဖြေ၊ လူတွေ့စစ်ဆေးမှုတို့အား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။ မက်မန်းမြို့(အထက) ကျောင်းမှ Gread-9 (ကျား)-၃ဦး (မ)-၃ဦး၊ Gread-10 (ကျား)-၃ဦး(မ)-၃ဦး၊ Gread-11(ကျား)-၃ဦး (မ)-၃ဦးတို့မှ အတန်းတစ်တန်းလျှင် ၆ ဦးစီဖြင့် စုစုပေါင်း(၁၈)ဦး အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကိုကာယအားကစား ပြိုင်ပွဲကိုလည်း ယနေ့နံနက် ၈ နာရီအချိန်တွင် မက်မန်းမြို့ ဘောလုံးအားကစားကွင်းတွင် အပြေးပြိုင်ပွဲမီတာ (၁၀၀)၊ (၂၀၀)၊ (၄၀၀) ဖြင့်လည်းကောင်း အိပ်ထမတင်၊ အလျားခုန်အားကစားနည်းကိုလည်း ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)