ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ချီဖွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ချီဖွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 




MNP - ဒီဇင်ဘာ  ၁၁


ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာ(၅)ရက်‌နေ့မှ ဒီဇင်ဘာ(၈) ရက်နေ့အထိ ထွမ်းရှိန်ကျေးရွာ၊ နုဇုန်ဘောင်‌ကျေးရွာ၊ ဖီမော်ကျေးရွာ၊ ကန်းဖန့်ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဒီဇင်ဘာ(၆)ရက်နေ့တွင် ချီဖွေမြို့နယ်၊ နုဇုန်ဘောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်း( စနစ်ဟောင်း)တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအား‌ပေးစကားပြောကြားခဲ့ပြီး စာသင်ဆောင်အား ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကို သက်ဆိုင်တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ မွန်းလွှဲပိုင်းတွင် နုဇုန်ဘောင်တိုက်နယ်ဆေးရုံခန်းမ‌ဆောင်တွင် ကျေးရွာ၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဒေသအား ခရိုင်အဆင့်သို့ နိုင်ငံတော်အစိုးရမှတိုးမြှင့်ဖွဲ့စည်းခဲ့သဖြင့် ရပ်ကွက်၊ ကျေးရွာ၊ ကျေးရွာအုပ်စုများ ခရိုင်အဆင့်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်လာနိုင်အောင် ယခုလိုကျေးရွာများအထိ ကွင်းဆင်း၍ ဒေသခံမိဘပြည်သူများနှင့်တွေ့ဆုံ၍ ဒေသ၏အခက်အခဲ၊ လိုအပ်ချက်များကိုသိရှိနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုး တက်‌‌ရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊လုံခြုံရေးကောင်းမှသာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူများအနေဖြင့် ဆက်လက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပညာရေး၊ ကျောင်းများကောင်းမွန်စေရေးနှင့် ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းတံတားများ လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြနိုင်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တက်ရောက်လာသည့် ကျေးရွာ၊ကျေးရွာအုပ်စုများမှာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ဆရာ၊ဆရာမများ၊ ကျန်းမာရေး၊ လမ်းတံတား  လိုအပ်ချက်များကိုတင်ပြကြရာ သက်ဆိုင်ရာ ခရိုင်အဆင့်တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြားရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ ဒီဇင်ဘာ(၇)ရက်နေ့ ညနေပိုင်းတွင် ဖီမော်ကျေးရွာသို့ရောက်ရှိရာ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ်(၁၅)နှင့် အမှတ်(၁၆)တို့အား သွားရောက်စစ်ဆေးခဲ့သည်။ ယင်းနောက်အ.လ.က(ခွဲ)ဖီမော် ကျောင်းဆရာ၊ဆရာမများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး  ဖျက်သိမ်းခွင့်တင်ပြထားသည့် အန္တရာယ်ကျောင်းဆောင် အခြေအနေအား ကြည့်ရှု့စစ် ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည့်များကို  မှာကြားခဲ့သည်။


ဆက်လက်၍ ဒီဇင်ဘာ(၈)ရက်နေ့ နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့တို့သည့် ဖီမော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ တက်ရောက်လာသူတို့က ဒေသဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြန်လည်ဖြေကြားရှင်းလင်းရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ပြည်လည် ဖြည့်စွက်ဆွေးနွေးခဲ့သည်။


ယင်းနောက် မွန်းလွှဲပိုင်းတွင် ထန်းဒုန်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ ကန်းဖန့်ကျေးရွာရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနိမိတ် မှတ်တိုင်အမှတ်(၂၂)အားလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည်  ကန်းဖန့်ကျေးရွာရှိ ကချင်ပြည်နယ်၊အထူးဒေသ(၁) ပြည်သူ့စစ်ရုံး၌ ကျေးရွာ၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အမှာစကားပြောကြားပြီး၊ တက်ရောက်လာသည့် ပြည်သူများမှ ဒေသ၏လိုအပ်ချက်များကို တင်ပြကြရာ ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းကြရာ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဌက လိုအပ်သည်များ ကိုဖြည့်စွက် ဆွေးနွေး ရှင်းလင်းပေးခဲ့သည်။


ဆက်လက်၍ ဒီဇင်ဘာ(၉)ရက်နေ့ နံနက်ပိုင်းတွင် လုတ်နော့ဂျန်ကျေးရွာ မူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ကျောင်းဆောင်များအားလည်ကောင်း၊ ဖီမော်ကျေးရွာတွင် မြေပြင်ရှိလူဦးရေးစာရင်းကောက်ယူနေမှု အ‌ခြေအနေများကိုလည်ကောင်း၊ နောင်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန်လျာထားသည့် မြေနေရာတို့အားလည်းကောင်း၊ ဗွီလပ်ကျေးရွာတွင် လမ်းဦးစီးဌာန၊တံတားအထူးအဖွဲ့(၁) ရန်ပုံငွေ ဖြင့် စိုးစံဟိန်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသော ဗွီလပ်တံတားတည် ဆောက်နေမှု အားလည်းကောင်း၊ ဖီမော်-ချီဖွေကားလမ်း  တောင်သုံးလုံး-မက်လင်းကော့ကြား လမ်းပြိုကျခဲ့သည့်နေရာကို ယာယီပြုပြင်ဆောင်ရွက်ထားရှိမှု  အခြေအနေများကို  ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - မေခမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)