သေဒဏ်ချမှတ်ခံရသူတွေကို ထောင်ထဲမှာ ဘယ်လိုထားသလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သေဒဏ်ချမှတ်ခံရသူတွေကို ထောင်ထဲမှာ ဘယ်လိုထားသလဲ



ဒီရက်ပိုင်းအတွင်း ပြည်ဖျက်မီဒီယာတွေမှာ NLD အစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုကြောင့် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြသူတွေကို သေဒဏ်ချမှတ်ထားတဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်လို့ အများပြည်သူ အထိတ်တလန့်ဖြစ်အောင် ရေးသားဖော်ပြလာကြပါတယ်။ အထူးသဖြင့်တော့ နစက အစိုးရနဲ့ တပ်မတော်အပေါ် နာကြည်းမုန်းတီးမှုတွေ ဖြစ်ပေါ်လာအောင် လုပ်ကြံဖန်တီးရေးသားနေကြတဲ့ သဘောဖြစ်ပါတယ်။


သေဒဏ်ဆိုတာကို ကြားလိုက်ရသူတိုင်း ကြက်သီးဖြန်းဖြန်းထသွားနိုင်ပါတယ်။ တကယ်တော့ တရားရုံးများက သေဒဏ်လို့ အမိန့်ချသည်ဖြစ်စေ။ မသေမချင်း ကြိုးကွင်းစွပ်သတ်စေလို့ အမိန့်ချသည်ဖြစ်စေ မြန်မာနိုင်ငံက အကျဉ်းထောင်များအတွင်းမှာ သေဒဏ်စီရင်မှု မရှိသလောက် နည်းပါးသွားခဲ့ပါပြီ။


မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းသော NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုကြောင့် သေဒဏ်စီရင်ခြင်း ခံရတဲ့ ဖြစ်စဉ်တွေ ရှိလာပါတယ်။ မဲလိမ် မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ NLD ပါတီ အာဏာရရှိရေး အကြမ်းဖက်လှုပ်ရှားမှုမှာ အပြစ်မဲ့ ပြည်သူ တစ်ရာနီးပါးခန့်ကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ အဓိက ဦးဆောင်သူများဖြစ်တဲ့ ၈၈ပွင့်လင်းလူ့အဖွဲ့စည်းက အကြမ်းဖက်ခေါင်းဆောင် ဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း မောင်ကျော်(ခ) ဇေယျာသော် တို့ကို အမှန်တကယ် သေဒဏ်စီရင်ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်လှုပ်ရှားသူတွေနဲ့ အကြမ်းဖက်လှုံ့ဆော်သတင်းမီဒီယာအဖြစ်ခံ ပြည်ဖျက်မိစ္ဆာတွေမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ကြပါတယ်။


လူအသိတရားရှိမယ်၊ ဒီမိုကရေစီကို တကယ်ပဲ လေးစားမြတ်နိုးတယ်ဆိုရင် အစွန်းရောက်အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ဆောင်ကြဖို့ အပြစ်မဲ့ ရဟန်းရှင်လူတွေကို အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့ မီဒီယာများအနေနဲ့ အသိပညာပေးရေးသား သင့်တယ် မဟုတ်ပါလား။ ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ လှုံ့ဆော်မှုကြောင့် လမ်းမှားရောက်ခဲ့တဲ့ လူငယ်တွေဟာ ဥပဒေအရ သေဒဏ်စီရင်ခြင်းကို ခံရပါတယ်။ ဒီလို သေဒဏ်စီရင်ခြင်းဟာလည်း သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ခံခဲ့ရတဲ့ ပြည်သူတွေအတွက် ကျေနပ်နှစ်သိမ့်မှု ပေးတဲ့သဘောမျှသာ ဖြစ်ပါတယ်။ အမှန်တကယ် သေဒဏ်စီရင်ခြင်းကတော့ မရှိသလောက် ရှားပါတယ်။ အပြစ်မဲ့ ပြည်သူပေါင်း ၁၀၀ နီးပါးကို သတ်တဲ့ အကြမ်းဖက်ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဂျင်မီ နဲ့ မောင်ကျော်(ခ) ဖြိုးဇေယျာသော် ကို အမှန်တကယ် သေဒဏ်စီရင်ခဲ့တဲ့ ဖြစ်စဉ်ဟာ မတရားပါဘူးဆိုရင် သူတို့ရဲ့ စီစဉ်ညွှန်ကြားခိုင်စေမှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ပတ်သက်လို့ရော ဂျင်မီ၊ မောင်ကျော် တို့ ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ တရားမျှတမှုရှိတဲ့ လုပ်ရပ်တွေလားလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။


ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလှုံ့ဆော်သူတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကြောင့် လမ်းမှားရောက်ခဲ့ကြတဲ့ အကြမ်းဖက်သမားတွေကို တရားရုံးများက သူတို့ကျူးလွန်ခဲ့တဲ့ အမှုနဲ့ ထိုက်တန်တဲ့ အမိန့်ကိုချမှတ်ခြင်းဟာ တရားမျှတမှု ရှုထောင့်က လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။


သေဒဏ်ကျခံရသူတွေကို အကျဉ်းထောင်ထဲမှာ ဘယ်လိုထားသလဲဆိုတာကို ထောင်ကျဖူးတဲ့ နိုင်ငံရေးသမားတိုင်း သိပါတယ်။ စာရေးသူအနေနဲ့လည်း အင်းစိန်အကျဉ်းထောင်ထဲမှာ နေခဲ့ဖူးသူဖြစ်လို့ သိပါတယ်။ အခြားသော ဆေးမှု၊ ခိုး/ဆိုး/လု/နှိုက် မှုနဲ့ ကျနေတဲ့သူတွေ သိချင်မှ သိပါလိမ့်မယ်။ တိုက်ထဲမှာ နေခဲ့ဖူးတဲ့ နိုင်ငံရေးသမားတွေအနေနဲ့ သိကြပါတယ်။ 


အခြားသောအကျဉ်းထောင်တွေမှာ ဘယ်လိုထားသလဲဆိုတာ မသိပေမယ့် အင်းစိန်အကျဉ်းထောင်ထဲမှာတော့ တိုက်ဝန်း လို့ သတ်မှတ်ထားတဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ နှစ်ကြီးအကျဉ်းသားတွေ၊ သေဒဏ်ကျခံနေရသူတွေ တိုက်ဝန်းကြီးထဲမှာ အတူနေကြရခြင်း ဖြစ်ပါတယ်။ ၁တိုက် မှာ နိုင်ငံရေးအကျဉ်းသားများကို ထားပါတယ်။ ၂ တိုက်မှာတော့ ၂ရှည်၊ ၂တို နှစ်တိုက်ခွဲထားပါတယ်။ ၂တိုမှာ သေဒဏ်ချမှတ်ခြင်းခံထားရတဲ့ အကျဉ်းသားတွေကို ထားခြင်းဖြစ်ပါတယ်။ အခြားသော အကျဉ်းသားများလိုပါပဲ။ အကျဉ်းထောင်ထဲမှာ လူနည်းရင်တော့ တစ်ယောက်တစ်ခန်း၊ လူများရင်တော့ (၃)ယောက်တစ်ခန်း ထားပါတယ်။ သေဒဏ်ကျခံရသူတွေကို (၃)ယောက်တစ်ခန်း ထား/ မထား မသေချာပါဘူး။ အများအားဖြင့် တစ်ယောက်တစ်ခန်းပဲ ထားတာများပါတယ်။


တိုက်ဝန်းထဲမှာ သေဒဏ်ကျခံနေရသူများမှအပ နိုင်ငံရေးအကျဉ်းသား၊ နှစ်ကြီးအကျဉ်းသားတွေ ဘယ်လိုနေရသလဲဆိုရင် နံနက် (၆ ၀၀)နာရီ ဆိုတာနဲ့ အခန်းတံခါးဖွင့်ပေးပါတယ်။ တိုက်ဝန်းထဲမှာ လွတ်လပ်စွာ သွားလာလည်ပတ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ခြင်းခတ်၊ စားပွဲတင်တင်းနစ်ရိုက် ကစားတာတွေကိုလည်း ခွင့်ပြုပေးပါတယ်။ တခါတရံ အကျဉ်းသားအချင်းချင်း ပြဿနာရှိတဲ့အခါမျိုး သွားလာခွင့်ကန့်သတ်တာတော့ ရှိတတ်ပါတယ်။ တစ်ခါတစ်ရံပါ။ နေ့လည် ၁၂ နာရီ ကနေ ၂နာရီအထိ အခန်းပိတ်ပါတယ်။ စာဖတ်လို့ရတယ်။ အိပ်ကြတယ်ပေါ့။ ၂နာရီ ကနေ ညနေ ၅ နာရီအထိ တစ်ခါ ပြန်ဖွင့်ပေးပါတယ်။ 


သေဒဏ်ကျ အကျဉ်းသားတွေကိုတော့ အဲဒီလောက်အထိ အခွင့်အရေးမပေးပါဘူး။ နံနက်ပိုင်း မျက်နှာသစ်ချိန် အလှည့်နဲ့ ပေးထွက်ပါတယ်။ နေ့လည်ပိုင်း ညနေပိုင်း ရေချိုးချိန် အလှည့်နဲ့ ထုတ်ပေးပါတယ်။ သူတို့တွေကတော့ အခန်းထဲ အချိန်ပြည့်နီးပါး နေရတာလို့ ဆိုနိုင်ပါတယ်။ ထောင်ဝန်ထမ်းတွေက နှိပ်စက်ညှဉ်းပမ်းနေတာမျိုး မရှိပါဘူး။ သူတို့ လိုအပ်တာကို စီစဉ်လုပ်ဆောင်ပေးရတာ ဖြစ်ပါတယ်။ ထမင်းစားချိန် ထမင်းလာပို့တယ်။ ရေမပြတ်လပ်အောင် ပေးထားတယ်။ အလှည့်ကျထွက်ခွင့်ရတဲ့အချိန်မှာ ခြင်းခတ်တာ၊ ကိုယ်လက်လှုပ်ရှားအားကစား လုပ်တာကို အထိုက်အလျှောက် ခွင့်ပြုပါတယ်။ သေဒဏ် အမှန်တကယ် စီရင်မှုဟာ မရှိသလောက်ပါပဲ။


အဲဒီလို သေဒဏ်ကျခံနေရာကနေ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာပေးတဲ့အခါ သေဒဏ်ကျခံရာကနေ နှစ်တည်သွားတာ၊ ပြစ်ဒဏ်ကို သုံးပို့တစ်ပို့လျှော့ပေးတာမျိုးတွေကို ရရှိတဲ့အခါ သေဒဏ်ကနေ လွတ်မြောက်သွားတယ်။ အခြားတိုက်တွေမှာ နေထိုင်ခွင့်ရသွားတယ်။ လွတ်ငြိမ်းပေးမှုတွေ များလာတဲ့အခါ နှစ်တည်သွားတယ်။ လွတ်ရက်တွက်လို့ ရသွားတာတွေလည်း ရှိပါတယ်။


သေဒဏ်အမိန့်ချခံရတိုင်း သေဒဏ်စီရင်ခံတာ မဟုတ်ပါဘူး။ ပြည်ဖျက်မီဒီယာတွေမှာ သေဒဏ်ချမှတ်တာတွေနဲ့ ပတ်သက်လို့ ဇောင်းပေးရေးသားပြီး နစက အစိုးနဲ့ တပ်မတော်အပေါ် မုန်းတီးနာကျည်းမှုတွေဖြစ်အောင် ဖန်တီးနေကြခြင်းကြောင့် ဒါကို ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။ NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုကြောင့် သေဆုံးသွားရတဲ့ မိသားစုဝင်တွေ (တရားလိုတွေ) ဘက်က ကြည့်မယ်ဆိုရင် တရားမျှတမှုမရှိဘူး။ သေဒဏ်အမိန့်ချပြီး တကယ်သေဒဏ်မစီရင်ဘူးလို့ စောဒကတတ်နိုင်ပါတယ်။ ထောင်တွင်းကို ရောက်သွားပြီတဲ့အချိန်မှာ ထောင်ရဲ့ စီမံခန့်ခွဲမှုသာ ဖြစ်ပြီး မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ 


အင်းစိန်အကျဉ်းထောင်ထဲမှာ လူသတ်မှုကြောင့် သေဒဏ်စီရင်ခံရပြီး နိုင်ငံတော်လွတ်ငြိမ်းချမ်းသာနဲ့ နှစ်တည်သွားတဲ့ လူငယ်လေးတွေ တွေ့ခဲ့ဖူးပါတယ်။ ထောင်ထဲမှာ ကျောင်းပြန်တက်၊ ဒုတိယနှစ် တတိယနှစ်တွေ ဖြေဆိုနေကြပါပြီ။ ဒီလို အခွင့်အရေးတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့ နိုင်ငံတော်လွတ်ငြိမ်းချမ်သာရလို့ ပြန်လည်လွတ်မြောက်လာရင်တောင် ပညာနဲ့ ရပ်တည်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ထောင်ထဲရောက်လာပြီး ထောင်ကွက်နင်းတဲ့သူတွေလည်း ရှိပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးသမားတွေပါပဲ။ အကျဉ်းဦးစီးဝန်ထမ်းတွေကို အလုပ်ရှုပ်အောင် ဒုက္ခအပေးနိုင်ဆုံးကတော့ နိုင်ငံရေးအကျဉ်းသားတွေပဲ ဖြစ်ပါတယ်။ အခွင့်အရေးမျိုးစုံ တောင်းတတ်တာလည်း နိုင်ငံရေးသမားပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီလို အကျဉ်းကျခံရအောင်၊ သေဒဏ်စီရင်ထိုက်တဲ့ အမှုမျိုးတွေကျူးလွန်အောင် လှုံ့ဆော်ခဲ့ကြတာက ပြည်ဖျက်မီဒီယာတွေ နဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးသမားတွေပဲ ဖြစ်ပါတယ်။ 


ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ လှုံ့ဆော်မှုကို နားယောင်ပြီး အဖိုးတန် လူငယ်လေးများဟာ အမျိုးယုတ်အကြမ်းဖက်သမားလေးတွေ ဖြစ်ကုန်ကြရတယ်။ သူတို့ ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်တဲ့အခါမှာလည်း အများပြည်သူ အထင်လွဲအမြင်မှား ဖြစ်အောင် ထပ်မံလှုံ့ဆော် နေကြပါတယ်။ တရားရုံးများကနေ လူသတ်မှုကို လူသတ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်၊ နိုင်ငံတော်ပိုင်ပစ္စည်းများ ဖျက်ဆီးမှုကို ဖျက်ဆီးမှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်၊ ယုတ်မာရိုင်းစိုင်းလွန်းတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအတွက်လည်း တရားရုံးများအနေနဲ့ ပြစ်မှု နဲ့ ပြစ်ဒဏ် မျှတအောင် ချမှတ်ရတာဖြစ်တဲ့အတွက် အချို့သော အမှုကိစ္စများမှာ တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်စေလို့ အမိန့်ချသော်မှ အကျဉ်းထောင်မှာ အဲဒီလို စီရင်မှုမျိုး လုံးဝ မရှိပါဘူး။


ဂျင်မီ၊ မောင်ကျော် တို့လို ရက်စက်ယုတ်မာရင်တော့ သူတို့လိုပဲ စီရင်ခြင်းခံရနိုင်ပါတယ်။ ဂျင်မီ၊ မောင်ကျော် တို့နဲ့ အမှုတွဲတွေဖြစ်တဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ လွင်ကိုလတ်၊ ရည်မွန် ပန်ဆယ်လို အစရှိတဲ့ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်သူတွေ ဖမ်းဆီးရမိခဲ့သော် ဂျင်မီ၊ မောင်ကျော် တို့ ကဲ့သို့ စီရင်ခြင်း ခံရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့တွေဟာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ထောင်ပေါင်းများစွာ သေဆုံးအောင် လက်နက်၊ ငွေကြေး စီမံပေးခဲ့ကြတဲ့ အကြမ်းဖက်ခေါင်းဆောင်များ ဖြစ်နေခြင်းကြောင့်ပါပဲ။


ပြည်သူများအနေနဲ့ မိမိတို့ဆွေမျိုးသားချင်း၊ မိမိတို့ပတ်ဝန်းကျင်က လူငယ်တွေ ထောင်ဒဏ်ချမှတ်ခံရခြင်း၊ သေဒဏ်ချမှတ်ခံရခြင်းမျိုး မကြုံတွေ့လိုဘူးဆိုရင် ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနောက်ကို လိုက်ပါပြီး ဆင်ကန်းတောတိုး မိုက်မဲလုပ်ရပ်တွေကို မကျူးလွန်ကြဖို့ တားမြစ်ကြရမှာ ဖြစ်ပါတယ်။ မိမိနဲ့ အမြင်မတူ၊ ယုံကြည်ထောက်ခံမှုမတူတဲ့ တခြားပါတီအဖွဲ့အစည်းကို ထောက်ခံအားပေးတဲ့ လူတွေကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ခဲ့ကြစဉ်က အားရဝမ်းသာ ပျော်ရွှင်နေကြပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ခံရတော့မှသာ ရက်စက်လိုက်လေခြင်းလို့ မပြောသင့်ပါဘူး။ အသိ၊ သတိနဲ့ လူငယ်တွေ လမ်းမှားမရောက်အောင်၊ ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူ အဖျက်သမားများရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး ဆင်ကန်းတောတိုး မမိုက်မဲကြဖို့၊ ရက်စက်ယုတ်မာလွန်းတဲ့ လုပ်ရပ်တွေကို မကျူးလွန်မိစေဖို့ အားလုံး ဝိုင်းဝန်းထိန်းကျောင်းကြရမှာ ဖြစ်ကြောင်း ။   ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)