လောင်းလုံးမြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းလုံးမြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 



MNP - ဒီဇင်ဘာ  ၅


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက် ၉ နာရီအချိန်က မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးရဲထက်အောင်က အဖွင့်အမှာစကားပြောကြားရာ၌ မီးသတ်တပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွားလာခဲ့သော တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့်အတွက် ရှေးအစဉ် အလာကောင်းများကို ထိန်းသိမ်းကာကွယ်ရေး မိမိတို့လက်ရှိတာဝန်ဝတ္တရားများကိုလည်း လူမှုရေးစိတ်ဓာတ်အပြည့်အဝနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြား ခြင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုး မြှင့်တက်လာသည့် သဘောသဘာဝရှိပါသည်။ ဒါကြောင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် အရည်အသွေးပြည့်ဝထက်မြက်အောင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော မီးသတ်ပညာရပ်များကို မီးသတ်တပ်ဖွဲ့ဝင်တိုင်း သိရှိတတ်မြောက်ထားဖို့အတွက် လေ့ကျင့်ရေးကို ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်းနှင့်စွမ်းဆောင်ရည်မြှင့်မားလာအောင် လေ့ကျင့်ရေးနှင့် စွမ်းဆောင်ရည် ကောင်းမွန်စေရန်သင်တန်းမှာ သင်ကြားပေးမည်ဖြစ်ပါကြောင်းနှင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ခဲ့တဲ့တပ်ဖွဲ့ဝင်များကို နိုင်ငံတော်ကစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များ ချီးမြှင့်လျက်ရှိကြောင်း တွေ့ရှိရသည်။


သဘာဝဘေးအန္တရာယ်များ၊ လူမှုဘေးဒုက္ခအဝဝကို ခေတ်မီနည်းစနစ်များ၊ ခေတ်မီအထောက်အကူပြု စက်ကရိယာများဖြင့် ကူညီဆောင်ရွက်လျက် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ကျေပွန်စွာဆက်လက်ဆောင်ရွက်ပေးဖို့ ပြောကြားသည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးမျိုးဇော်ဦးက သင်းတန်းစည်းမျဉ်း၊ စည်းကမ်းမျာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။


ဆက်လက်၍ မီးသတ်တူညီဝတ်စုံများကို သက်ဆိုင်ရာတာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့၍ သင်တန်းကို သင်တန်းသား/ သူ (၁၀၀) ဦးဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်းနှင့် အခမ်းအနားတွင် ဌာနဆိုင်ရာများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်၊ အရန်မီးသတ်မီးသတ်တပ်ဖွဲ့ဝင်နှင့် သင်းတန်းသား/ သူများတက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။


သတင်း - သိန်းသိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)