ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်


MNP  -  ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သက်ဆိုင်ရာဌာနနှင့် ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀:၀၀)အချိန်က ပြုလုပ်ကျင်းပခဲ့ပါသည်။


အဆိုပါ ညှိနှိုင်းအစည်းအဝေးပွဲတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုးမှ အမှာစကားပြောကြားခဲ့ပြီး လူကုန်ကူးမှုတား ဆီးကာကွယ်ရေးနှင့်ပတ်သက်သော မူဝါဒများနှင့်ပူး ပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူး ရဲမှူးမင်းနိုင်မှ လူကုန်ကူးမှုများကို တားဆီးခြင်းနှင့် အပြစ်ပေးခြင်းများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် ကျူးလွန်သည့် ပြစ်မှုများကို အရေးကြီးပြစ်မှုကျူးလွန်သကဲ့သို့ ပြစ်ဒဏ်ပြဌာန်းခြင်းများ၊ လူကုန်ကူးမှုကျူးလွန်ခြင်းများကို အပြင်းအထန်ထိရောက်ဟန့်တားသော ပြစ်ဒဏ်များချမှတ်ခြင်းများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ရေရှည် တည်တံ့ခိုင်မြဲသည့် ကြိုးပမ်းအား ထုတ်မှုများဖြင့် ဆောင်ရွက်ရေးတို့ကို Projector ဖြင့်ရှင်းလင်းခဲ့ပါသည်။ ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းထွန်းမှ လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်သောလုပ်ငန်းစဉ်များ၊ သင့်လျော်ကောင်းမွန်သော လုပ်ငန်းအစီအစဉ်များနှင့် အသက်မွေးဝမ်းကြောင်း အတတ်ပညာများ သင်ကြားနိုင်ရေး၊ ဇာတိနေထိုင်ရာဒေသ မိဘဆွေမျိုးများဆီသို့ အဆင်ပြေချော့မွေ့စွာ ပို့ဆောင်နိုင်ရေးတို့ကို ဆက်လက်ရှင်းလင်းခဲ့ပါသည်။


ယင်းနောက် မူဆယ်ခရိုင်သည် နယ်စပ်ရပ်ဝန်းဖြစ်သည့်အတွက် လူလတ်ပိုင်းသာမက ကလေးသူငယ်များပါ လူကုန်ကူးမှုရောယှက်နေသည့်အတွက် တက်ရောက်လာကြသော အဖွဲ့ဝင်များ အလေးအနက်ထားတိုင်ပင် ဆွေးနွေးခဲ့ကြပြီး ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးအောင်ဇော်မိုးမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)