ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ လေ့ကျင့်ရေး အထက်တန်းကျောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ လေ့ကျင့်ရေး အထက်တန်းကျောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး






MNP ၊ ဒီဇင်ဘာ ၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning HUB ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အခြေခံပညာကျောင်းအသီးသီးရှိ လုပ်သက်နှင့် သတ်မှတ်ချက်ပြည့်မီသော အလယ်တန်းပြ ဆရာ ဆရာမများကို BEd စာပေးစာယူ သင်တန်းတက်နိုင်ရန်အတွက် ဆောင်ရွက်ပေးနေပါကြောင်း၊ စာပေးစာယူသင်တန်းပို့ချပေးသည့် ပညာရေးတက္ကသိုလ်အရေအတွက် မလုံလောက်သောကြောင့် ပညာရေးဒီဂရီ ကောလိပ် ၂၅ ခုမှာလည်း ဖွင့်လှစ်သင်ကြား ပေးနေပါကြောင်း၊ ပညာရေးတက္ကသိုလ်သည် အခြေခံပညာ ကဏ္ဍအတွက် ဘီအီးဒီပညာရေး ဘွဲ့ရဆရာဆရာမများကို မွေးထုတ်ပေးနေသည့် တက္ကသိုလ် ဖြစ်ပါကြောင်း၊ အခြေခံပညာကဏ္ဍ မြှင့်တင်ရန်အတွက် အခြေခံပညာမှာ တာဝန်ယူ သင်ကြားပေးရမည့်  ဆရာဆရာမလောင်းများကို ထူးချွန်ထက်မြက်အောင် အရင်ကထက်ပိုပြီး အားသွန်ခွန်စိုက် သင်ကြားပေးစေချင်ပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် မိမိသင်ကြားနေသည့် ဘာသာရပ်ကို အမှန်တကယ်ကျွမ်းကျင် တတ်မြောက်အောင် သင်ကြား ပေးနိုင်ရန်အတွက် မိမိတို့ကိုယ်တိုင်ကလည်း ဘာသာရပ်ကို အမှန်တကယ်တတ်ကျွမ်းအောင် လေ့လာနေရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ပညာတတ်များ အများဆုံး မွေးထုတ်ရာနေရာဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် တာဝန်ထမ်းဆောင်နေစဉ် ကာလတွင် တက္ကသိုလ်တိုးတက်ရန်အတွက် ကြိုးစားဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပညာရေးတက္ကသိုလ်စာသင်ဆောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ရုံးခွဲရှိ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ ပညာရေးရုပ်မြင်သံကြားဌာနခွဲ၊ သင်ထောက်ကူ ဂိုဒေါင်၊ ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)တို့ကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ပြီး တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေးအတွက် မျက်နှာကျက်များ၊ ကျောင်းနံရံများ၊ စင်္ကြန်များ ပြန်လည်မွမ်းမံ ဆေးသုတ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နေမှုကို   လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်း‌ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒအား ဖူးမြော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)