တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ကက်သလစ်ခရစ်ယာန် ပရဟိတဂေဟာသို့ ဆန်/ ဆီ / ကြက်ဥ ထောက်ပံ့လှူဒါန်းပေးအပ်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ကက်သလစ်ခရစ်ယာန် ပရဟိတဂေဟာသို့ ဆန်/ ဆီ / ကြက်ဥ ထောက်ပံ့လှူဒါန်းပေးအပ်ပွဲတက်ရောက်





MNP  -  ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးကိုကိုလွင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြိတ်ကက်သလစ်ခရစ်ယာန်ပရဟိတဂေဟာသို့ ဆန်/ဆီ/ကြက်ဥ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲ တက်ရောက်ခဲ့သည်။


လှူဒါန်းပွဲကို မြိတ်ကက်သလစ်ခရစ်ယာန်ပရဟိတဂေဟာ ကျောင်းသား/သူလေးများက ကရင်နှစ်သစ်ကူးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက မြိတ်ကက်သလစ်ခရစ်ယာန်ပရဟိတဂေဟာတွင်နေထိုင်ပြီး ပညာသင်ယူနေကြသည့် ကျောင်းသား/သူများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်နိုင်ရန်အတွက် ဆရာတော်၏ ဩဝါဒသွန်သင်ဆုံးမမှုနှင့်အညီ ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်း၊ အတတ်ပညာသင်ယူတတ် မြောက်သည့်အခါတွင်လည်း အမျိုးဂုဏ်နှင့် လူမျိုးဂုဏ်မြှင့်တင်နိုင်အောင် အားကြိုးမာန်တက်ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်က နုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းသား/သူလေးများက ဘုရားသခင်ကောင်းကြီး မင်္ဂလာပေးပါစေသီချင်းအား ဆုတောင်းသီဆိုခဲ့ကြသည်။ ဆက်လက်၍ ဂေဟာအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသော ဆန်အိတ်(၅၀)၊ ဆီပိဿာ(၂၀)ကို ဝန်ကြီးချုပ်ဦးမြတ်ကိုက ထောက်ပံ့လှူဒါန်းပေးအပ်ရာ မြိတ်ကက်သလစ်သာသနာကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာရ်ဘရူးနိုးဖိလစ်က လက်ခံရယူခဲ့သည်။


ထို့အတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှလှူဒါန်းသော ဆန်(၁၅)အိတ်၊ ဆီ(၂၅)ပိဿာကို တိုင်းမှူးကလည်းကောင်း၊ ပြည်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီမှလှူဒါန်းသော ဆန်(၁၅) အိတ်၊ ဆီ(၂၅)ပိဿာကို ဦးလှသန်းကလည်းကောင်း လှူဒါန်းပေးအပ်ခဲ့ကြပြီး ထူးထူးတိုးကုမ္ပဏီမှလည်း ကြက်ဥအလုံး(၁၀၀၀) လှူဒါန်းခဲ့သည်။ ယင်းနောက် မြိတ်ကက်သလစ်သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂေဟာကျောင်းသား/သူများက ကျေးဇူးတင်သီချင်းဖြင့်သီဆို၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)