လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ( ၃/၂၀၂၂ ) သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ( ၃/၂၀၂၂ ) သင်တန်းဆင်းပွဲ ကျင်းပ



MNP -  ဒီဇင်ဘာ ၂၃

လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (ရန်ကုန်)ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျာ်မိုးထွန်း၊ ပညာ‌ရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ လက်ထောက်ကထိကများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျာ်မိုးထွန်းက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ပထမဆုရရှိသည့် ဦးစီးအရာရှိ ဒေါ်ဧပရယ်ညိုဝင်း၊ ဒုတိယဆုရရှိသည့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းဟန်၊ တတိယဆုရရှိသည့် ဦးစီးအရာရှိ ဒေါ်အိဖြိုးသူ၊ ပိုက်ကျော်ခြင်းထူးချွန်ဆု၊ အမျိုးသမီးကာယပြိုင်ပွဲထူးချွန်ဆုနှင့် ဘော်လီဘောထူးချွန်ဆုရရှိကြသူများကို ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ကြသည်။


ထို့နောက် သင်တန်းသား သင်တန်းသူများ ကိုယ်စားသင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။


အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ ၂၆ ရက်ကြာဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး ၂၂ ဦး၊ ဒုတိယမြို့နယ်ပညာရေးမှူး ၆၄ ဦးနှင့် ဦးစီးအရာရှိ ၂၀၉ ဦး စုစုပေါင်း ၂၉၅ ဦး တက်‌ရောက်ခဲ့ကြောင်းနှင့် သင်တန်းတွင် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည့် အရာရှိများလုပ်ငန်း စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို တတ်ကျွမ်းနားလည်စွာ ဆောင်ရွက်တတ်စေရန်နှင့် သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ မူဝါဒနှင့်စီမံကိန်းဆိုင်ရာလုပ်ငန်းများ၊ ကွန်ပျူတာနှင့် ICT လုပ်ငန်းများ ပိုမိုတတ်ကျွမ်းနားလည်လာစေရန်အတွက် ပို့ချခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)