(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ





MNP ၊  ဒီဇင်ဘာ    ၁၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂  ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရမ်းဗြဲမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ရမ္မာဝတီ Play Boy ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့ကြသည်။


ဖွင့်ပွဲအခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းက (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲ ရွှင်ပွဲများကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး RK Dance လူအဖွဲ့မှ အကများများဖြင့် ကပြဖျော်ဖြေပေးကြသည်။


အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ရမ်းဗြဲမြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဘောလုံးဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဌာနပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း ၉ သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို (၁၀-၁၂-၂၀၂၂) ရက်နေ့မှ (၁၄-၁၂-၂၀၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)