Pages

Pages

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် သံတွဲမြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆေး




MNP   -    ဒီဇင်ဘာ ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း သည် ယနေ့နံနက် ၈ နာရီက ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေနှင့် တာဝန်ရှိသူများလိုက်ပါလျက် သံတွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ စံပြကျေးရွာစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့်  ရွှေလှေကျေးရွာသို့သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် စံပြကျေးရွာစီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်လျက် ရှိသည့်  ရွှေလှေကျေးရွာရှိ ကျေးလက်စီးပွါးမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်း(RBF)ဖြင့် ဆောင်ရွက်နေသည့်    ဝက်မွေးမြူရေးလုပ်ငန်းနှင့်           နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့်အကောင်

အထည်ဖေါ်ဆောင်ရွက်သည့် (၃၃၆ ပေx ၁၄ ပေx၇လက္မ )ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီ     ခေတ်မီစံပြကျေးရွာစီမံကိန်းအောင်မြင်စွာ     အကောင်အထည်ဖေါ်

ဆောင်ရွက် နိုင်ရေး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပြီး  လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

 https://t.me/MyanmarNationalPost

No comments:

Post a Comment