Pages

Pages

ခေါဇာမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထမ်းအမှတ်အကြို အခြေခံပညာမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်



MNP  -  ဒီဇင်ဘာ ၂၀

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်းပွဲ ပြုလုပ်ခဲ့သည်။



အဆိုပါ အခြေခံပညာမူလတန်းအဆင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို အ.ထ.က (ခေါဇာ) တတိယတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူ (၈) ဦး ဝင်ရောက်ယှဉ်ခဲ့ကြသည်။ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းအားဖြင့် ကျောင်းသား/ သူများအနေဖြင့် စာကြည့်တိုက်နှင့် အကျွမ်း တဝင်ရှိပြီး စာပေချစ်မြတ်နိုး တန်ဖိုးထားတက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်‌ပေးလျက်ရှိကြောင်း သိရသည်။

 https://t.me/MyanmarNationalPost

No comments:

Post a Comment