MNP - ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (လားရှိုး)၊ ကွတ်ခိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၁၉)ရက်နေ့နံနက် (၉)နာရီ အချိန်က ကွတ်ခိုင်မြို့မရဲစခန်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် စစ်ဗျူဟာအခြေချ(ကွတ်ခိုင်)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုး၊ ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှိုင်မင်းစိုးတို့မှ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့်ဌာနဆိုင်ရာ အကြီးအကဲများမှ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသစ် ဆိုင်းဘုတ်အား မင်္ဂလာအောင်သပြေများ၊ အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးခြင်းနှင့် အမှတ်တရဓာတ်ပုံ များရိုက်ကူးခဲ့ကြသည်။
ယင်းအခမ်းအနားသို့ စစ်ဗျူဟာအခြေချ(ကွတ်ခိုင်)မှ ဗျူဟာမှူးဗိုလ်မှူးကြီး သိန်းအောင်စိုးနှင့် တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment