MNP ၊ ဒီဇင်ဘာ ၂၃
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက မိတ္ထီလာခရီးစဉ်တွင် မြို့မိမြို့ဖတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပါတီနဲ့ ကင်းကွာနေကြသူတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ မဘသ/မျိုးချစ်အဖွဲ့တွေ၊ စာရေးဆရာအသင်းက တာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့တွေက ရင်ဘက်ချင်းတူသူတွေ အပါအဝင် အင်အား (၁၉၀)နဲ့ တွေ့ဆုံပြီး နိုင်ငံတော်အတွက် အတူလက်တွဲ ဆောင်ရွက်ကြမဲ့ အစီအမံတွေကို ဆွေးနွေးခဲ့ရလို့လည်း အားရကျေနပ်မိကြောင်း ပြောဆိုထားသည်။
ဦးခင်ရီက "၂၁ ရက် မှာ မိတ္ထီလာမြို့ကိုရောက်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း မိတ္ထီလာမြို့ဟာ အရေးပါတဲ့ မြို့တစ်မြို့ဖြစ်လို့ သီးသန့် အချိန်ယူ သွားရောက်ခဲ့တာပါ။ မိတ္ထီလာခရိုင်အတွင်းမှာရှိတဲ့ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင် မြို့နယ်(၄)ခုက ပါတီဝင်တွေ၊ လူငယ်အဖွဲ့တွေ၊ ရပ်/ကျေး တာဝန်ခံတွေနဲ့ တွေ့ဆုံခဲ့ပြီး ပါတီစည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စရပ်တွေ၊ ပါတီဝင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ပြောကြား ခဲ့ပါတယ်။ ခရိုင်ဥက္ကဋ္ဌက ဆောင်ရွက်ဆဲနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို တင်ပြပြီး တက်ရောက်လာသူတွေက သိလိုတာတွေကို မြိုင်မြိုင်ဆိုင်ဆိုင် မေးမြန်း ကြလို့လဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ နေ့လည်ထမင်းစားချိန်မှာ ဆက်စပ်ဆောင်ရွက်ရမဲ့ အဖွဲ့အစည်း အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့အတူ ထမင်းစားရင်း သီးခြားတွေ့ဆုံ ဆွေးနွေးနိုင်ခဲ့လို့ အချိန်ကုန်သက်သာသလို ခရီးလည်းရောက်လှပါတယ်။ နေ့လည်ပိုင်းမှာ မြို့မိမြို့ဖတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပါတီနဲ့ ကင်းကွာနေကြသူတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ မဘသ/မျိုးချစ်အဖွဲ့တွေ၊ စာရေးဆရာအသင်းက တာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့တွေက ရင်ဘက်ချင်းတူသူတွေ အပါအဝင် အင်အား (၁၉၀)နဲ့ တွေ့ဆုံပြီး နိုင်ငံတော်အတွက် အတူလက်တွဲ ဆောင်ရွက်ကြမဲ့ အစီအမံတွေကို ဆွေးနွေးခဲ့ရလို့လည်း အားရကျေနပ်မိပါတယ်။" ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသား ပြောဆိုထားသည်။
အစည်းအဝေးပြီးတော့ မရောက်တာကြာပြီဖြစ်တဲ့ မိတ္ထီလာမြို့ကို လှည့်ပတ်ကြည့်ရှုခဲ့ပြီး လမ်းမတွေပေါ်မှာ၊ စားသောက်ဆိုင်တွေမှာ၊ ဘုရားကျောင်းကန်တွေမှာ ပြည်သူတွေနဲ့ စည်ကားနေသလို တက္ကသိုလ်များ/ အခြေခံပညာကျောင်းနယ်မြေတွေမှာ ကျောင်းသား/သူတွေနဲ့ စည်စည်ကားကား သွားလာလှုပ်ရှား နေကြတာ တွေမြင်ရကြောင်း၊ ဒီမြင်ကွင်းတွေကြောင့် မိတ္ထီလာကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေးကို ရှူရှိုက်ရခြင်းနဲ့အတူ အေးမြတဲ့ ရင်တွင်းပီတိကိုပါ တစ်ပြိုင်တည်း ခံစားရကြောင်း ရေးသားပြောဆိုထားခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment