သာစည်မြို့နယ် အင်းကုန်းကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ် အင်းကုန်းကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး

 



MNP - ဒီဇင်ဘာ ၅


မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကာကွယ်ဆေးလွှမ်းခြုံနိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်က အင်းကုန်းကျေးရွာဓမ္မာရုံ၌ စုရပ်ထားကာ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက်ရှိသူများ ထပ်ဆောင်းကာကွယ် ဆေး နောက်ဆုံးအကြိမ်ထိုးနှံ ပြီးစီးမှုကာလ ၆ လ ပြည့်ပြီးနှင့်အထက်ရှိသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရပြီး  နံနက်ပိုင်းတွင် လူဦးရေ ၂၀၀ ကျော်ထိုးနှံပြီးဖြစ်ကြောင်းသိရှိရသည်။


ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြိုင်တို့က လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)