MNP - ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်ရှိ ရပ်ကွက်ရှိ မီးဘေးစိုးရိမ်ရသည့် နေရာများ၊ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေးအသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်း လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်းသတ်ကြရန်တို့ကို သတိပေး နှိုးဆော်ခဲ့ကြပြီး မီးဘေးသတိမူရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကား/ဆိုင်ကယ်များ ဘေးတွဲယာဉ်များ စက်သုံးဆီ ရောင်း/ဝယ် ရေးဆိုင်များ ဈေးဆိုင်များ လမ်းဘေး ဓါတ်တိုင်များတွင် အရေးပေါ် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ဆက်သွယ်အကြောင်းကြားနိုင်ရန် မီးသတ်ရုံးဖုန်းအမှတ် 191 စတေကာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။
ကျော်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment