သထုံမြို့နယ်၌ ဆောင်းဆီထွက်သီးနှံနေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပြီး စိုက်နည်းစနစ် မှန်ကန်ရေး တောင်သူပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ ဆောင်းဆီထွက်သီးနှံနေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပြီး စိုက်နည်းစနစ် မှန်ကန်ရေး တောင်သူပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်




MNP  -  ဒီဇင်ဘာ        ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသတွင်း ဆောင်းဆီထွက်သီးနှံနေကြာ တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်နည်းစနစ်မှန်ကန်ရေး တောင်သူပညာပေးကွင်းသရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မြေနီကုန်းကျေးရွာ ကွင်းအမှတ်(၆၄၆)၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြာပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က ဆီထွက်သီးနှံနေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့်အတူ တောင်သူပညာပေးကွင်းသရုပ်ပြသခြင်းတို့ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစုများစနစ်တကျ သုံးစွဲနိုင်ရေး၊ ပိုးမွှားရောဂါကင်းစင်ရေး စသည့် အထွက်နှုံးတိုမြင့်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည်တို့ကို ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က မြေနီကုန်းကျေးရွာရှိ ဆောင်းသီးနှံစိုက် တောင်သူ ၉ ဦးတို့အတွက် ရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့များနှင့် ရွက်ဖျန်းမြေဩဇာမှုန့်တို့ကို ထောက်ပံ့ပေးအပ်ကာ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူများအား စိုက်နည်းစနစ် မှန်ကန်ရေး မျိုးစေ့ကိရိယာဖြင့် စိုက်ပျိုးခြင်းအား ကွင်းသရုပ်ပြသခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)