Pages

Pages

မုဒုံမြို့နယ်တွင် ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှု(ဆင့်ပွား)သင်တန်းဖွင့်လှစ်



MNP   -   ဒီဇင်ဘာ ၁၉

မွန်ပြည်နယ်၊  မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ   ပဏာမမျက်စိကျန်းမာရေးစောင့်​ရှောက်မှု(ဆင့်ပွား)သင်တန်းကို ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရှိ သံဃာဆောင်၌ ဖွင့်လှစ်သည်။


သင်တန်းကို  ပြည်သူများ အမြင်အာရုံချို့တဲ့စေသည့် မျက်ခမ်းစပ်နှင့် မျက်မ​မြင်ကာကွယ်ရေး စီမံကိန်းဖြစ်သည့် ပဏာမမျက်စိကျန်းမာရေးသင်တန်းအဖြစ် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါသင် တန်းတွင် မျက်စိကျန်းမာရေးစောင့်ရှောက်ကုသပေးနိုင်မည့် သင်ခန်းစာ (၃) မျိုး၊ ရှေးဦးပြုစု ပေးပြီးနောက် မျက်စိရောဂါဌာနသို့ လွဲပြောင်းပေးရမည့် မျက်စိရောဂါ (၁၀) မျိုး၊ မျက်စိကျန်းမာရေးစောင့်ရှောက်သူများ လက်တွေ့လုပ်ဆောင်ရမည့် မျက်မှန်လိုအပ်သူများ၊ ကလေး သူငယ်အမြင် စွမ်းအားကျဆင်းခြင်း အစရှိသည့်သင်ခန်းစာ (၉)မျိုးအား သင်တန်းနည်းပြ ဆရာကျန်းမာရေးမှူး ဦးအောင်ဇော်ထွန်း၊ သူနာပြုဆရာမ ဒေါ်ခင်မြရီနှင့် အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်သဲစုမတို့က  မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း(၆၀)ဦးအား Projector ဖြင့် စာတွေ့လက်တွေ့ နှစ်ရက်ကြာ သင်ကြားပို့ချ​ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

သားငယ်

https://t.me/MyanmarNationalPost


No comments:

Post a Comment