Pages

Pages

တောင်ကြီးမြို့တွင် Cross Cutting Themes Training ဖွင့်လှစ်


MNP   -    ဒီဇင်ဘာလ    ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု နောက်ဆက်တွဲအန္တရာယ် လျော့နည်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Cross Cutting Themes Training ဖွင့်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၊ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။


ရှေးဦးစွာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ရှမ်း(တောင်) အတွင်းရေးမှူး ဒေါ်နန်းမိုမိုသီတာက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်စီမံချက်ရုံးမှ ညှိနှိုင်းရေးမှူး ဒေါက်တာမီမီခိုင်ဇင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။


ဆက်လက်၍ တောင်ကြီးရုံးစီမံချက်မန်နေဂျာ ဒေါက်တာသန်းမျိုးထွန်းက သင်တန်းတွင်ပို့ချမည့်အကြောင်းအရာများနှင့် ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကိုရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။


အဆိုပါသင်တန်းတွင် မူးယစ်ဆေးဝါးသုံးစွဲမှု နောက်ဆက်တွဲအန္တရာယ် လျော့နည်းရေး အတွေးအမြင်၊ မသန်စွမ်းမှုအကျုံးဝင်ခြင်းဆိုင်ရာ အတွေးအမြင်နှင့် စီမံချက်လုပ်ငန်းများတွင် ထည့်သွင်းပေါင်းစပ်စဉ်းစားရမည့် လုပ်ငန်းစဉ်အကြောင်းအရာများကို ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ တောင်ကြီး၊ လွိုင်လင်၊ နမ့်ဆန်၊ ပင်လုံမြို့များမှ သင်တန်းသား ၁၅ ဦးတက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်းကာလ ၃ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


ဇော်နိုင်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment