MNP - ဒီဇင်ဘာ ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် (၃၅)ကြိမ်မြောက် စုပေါင်းမဟာပဌာန်းပူဇော်ပွဲကျင်းပနိုင်ရေး၊ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့(အကြို) ဖွင့်ပွဲပြုလုပ်နိုင်ရေးကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပြိုင်ပွဲများပြုလုပ်၍ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁- ဗိုလ်မှူးသက်ထွန်းဦးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစေရေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းက နယ်မြေလူဦးရေစာရင်း အမှန်တကယ် ကြိုတင်ကောက်ယူရေးကိစ္စ၊ ကျေးရွာ/ရပ်ကွက်တို့၌ လွတ်လပ်ရေးနေ့မတိုင်မီ ဧည့်စာရင်းစစ်နိုင်ကြစေရေး၊ လုံခြုံရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရေးအသိပညာပေး ဆောင်ရွက်ရန်ပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အေးအေးသီ
https://t.me/MyanmarNationalPost
No comments:
Post a Comment