ရခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP  -     ဒီဇင်ဘာ  ၂၉

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်း အ စည်း အဝေးကို ယနေ့ နေ့လယ် ၁ နာရီအချိန်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ် ခဲ့ ကြောင်းသိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက ခရိုင်(Working Group) မြေပြင် ကွင်းဆင်း စာရင်း ကောက် ယူရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ ၊ စာရင်းကောက်ယူခြင်း ၊ စာရင်းထုတ်ပြန်ခြင်းများ ၊ မြေပြင်ရှိနှင့် အိမ်ထောင်စု လူဦး ရေ စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အ တွင်းရှိ အိမ်ထောင်စုလူဦးရေတစ်ခုချင်းစီအား မှန်ကန်သော စာရင်း ရရှိရေး မြေပြင်ကွင်းဆင်း ကောက်ယူရေး လုပ်ငန်း လမ်းညွှန်ချက်များ နှင့် လူဦးရေစာရင်း မြေပြင် ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းများအား ဌာနဆိုင်ရာများက အတူ တ ကွ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားပြီး   ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက်  ဆောင်ရွက်မည့် အစီ အစဉ်များ ၊ အားကစားပြိုင်ပွဲများ နှင့် စတုဒီသာကျွေးမွေးနိုင်ရေး ဆောင်ရွက်ထားသည့် အခြေအနေများအား သိရှိလို ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ 


ထို့နောက် တက်ရာက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ ၊ မောင်တော နှင့် ဘူးသီးတောင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များက လူဦးရေ စာရင်းမြေပြင်ကွင်းဆင်း စစ်ဆေးခြင်း လုပ် ငန်းများ ၊ ခရိုင်/မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းကာ  လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး နှင့်  မြေပြင်လူဦးရေးစာရင်းကောက်ယူရန် လျာထားသည့် အစီအစဉ်များ ၊ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျ ရောက်မည့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေး အထိမ်းအမှတ် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ထားသည့် အခြေအနေများ နှင့် ပတ်သတ်၍ ရှင်းလင်း ဆွေးနွေး တင်ပြ ကြရာ လို အပ် သည် များ ကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ မှ ပေါင်း စပ် ညှိနှိုင်း ပေးခဲ့ ကြောင်း သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)