MNP - ဒီဇင်ဘာ ၂၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး အခြေခံဝန်ထမ်းများအား အိမ်တိုင်ရာရောက် မွေးကင်းစ ကလေးပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးမင်းက အဖွင့်အမှာစကားပြောကြား
ပြီး မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဒေါက်တာအိအိကျော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အိမ်တိုင်ရာရောက် မွေးကင်းစ ကလေးပြုစုစောင့်ရှောက်ခြင်း သင်တန်းသို့ ဘီးလင်းမြို့နယ် အတွင်းရှိ အခြေခံ ကျန်းမာရေးဝန်ထမ်း ၃၈ ဦးတက်ရောက်ပြီး သင်တန်းနည်းပြ ဆရာ၊ဆရာမ များအဖြစ် မိခင် နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ခင်ခင်မြင့်နှင့်ဇုတ်သုတ် ကျေးရွာ ကျန်းမာရေးမှူး ဦးစိုးမိုးဦးတို့က နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သုံးရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment