ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်

 



MNP - ဒီဇင်ဘာ ၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မွေးမြူရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါက်တာနီနီဝင်းမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာပြည့်ဝဖူလုံစေရန်၊  ရောဂါကင်း၍ သန့်ရှင်းလတ်ဆတ်သော သားငါးများရရှိလာစေရန်၊ သားငါးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးလာစေရန်၊ မွေးမြူရေးလုပ်ငန်းကို စနစ်တကျဖြင့် တစ်ပိုင်တစ်နိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း ဆောင်ရွက်၍ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့်‌ မွေးမြူရေးလုပ်ငန်းများတွင် မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူနိုင်စေရေး အထောက်အပံ့ကောင်းဖြစ်စေရန်နှင့် အရင်းအနှီးရရှိပြီးသော မြစိမ်းရောင်စီမံကိန်း RBF စီမံကိန်းများဖြင့် ချိတ်ဆက်၍ မွေးမြူရေးလုပ်ငန်းများ စီးပွားဖြစ်လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး မွေးမြူရေးဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေသည်။ အဆိုပါသင်တန်းကို သင်တန်းသား(၃၂)ဦးဖြင့် ဒီဇင်ဘာလ(၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)