MNP - ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ တို့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှအဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီတစ်ပိဿာကို ၅၀၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ညောင်ဦးမြို့၊ အမှတ်(၂)၊ကျောင်းစုရပ်ကျောင်းစုဘုန်းကြီးကျောင်းဝင်းအတွင်း၊ အမှတ်(၅)၊ စည်ပင်သာယာရပ်ကွက် ရွှေစည်းခုံ ဘုရားကြီးကွင်း၊ ခိုင်ဝါလက်ဘက်ရည်ဆိုင်အနီးတို့တွင် Mobile ကားဖြင့် လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်/ကျေးရွာနေပြည် သူများလက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿာချိန် ၂၇၅၂ ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ
https://t.me/MyanmarNationalPost
No comments:
Post a Comment