MNP - ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ သန့်ရှင်းသာယာလှပရေး အမ်း -မအီလမ်းအပိုင်း သဗ္ဗဇယမုနိ ကုန်းမှ ဆီဆိုင်ကုန်းထိလမ်းဘေးဝဲယာရှိ အမှိုက်
များနှင့်ခြုံနွယ်ပေါင်းမြက်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီ ၃၀ အချိန်ကဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့် ရေးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဦးဆောင် ၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ခရိုင်/မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ ပူးပေါင်းပါဝင်၍ သစ်ပင်ချုံနွယ်များပေါင်းမြက် အား ခုတ်ထွင်ရှင်း လင်းခြင်း စုပေါင်းအမှိုက်ကောက်ခြင်းများအား ဆောင်ရွက်ခဲ့ကြကြောင်း
သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment