သံဖြူဇရပ်၌ အသေးစား၊ အငယ်စားနှင့်နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အေဂျင်စီနှင့် လုပ်ငန်းရှင်များတွေ့ ဆုံပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဖြူဇရပ်၌ အသေးစား၊ အငယ်စားနှင့်နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အေဂျင်စီနှင့် လုပ်ငန်းရှင်များတွေ့ ဆုံပွဲအခမ်းအနားကျင်းပ




MNP - ဒီဇင်ဘာ  ၁၇


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် မြို့နယ်အတွင်းလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စက်မှုကြီးကြပ်ရေးဦးစီးမှူးနှင့် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး


ဌာနမှူးနှင့်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ ဖွံဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကဌာနအလိုက် ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များ ချပြရှင်းလင်းပြီး တက်ရောက်လာသူများမှလည်း သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ သက်ဆိုင်ဦးစီးဌာနများမှ လုပ်ငန်းအလိုက် ပြန်လည်ဖြေကြားဆောင်ရွက်ပေးခဲ့သည်။


အဆိုပါအခမ်းအနားသို့ ပြည်နယ်စက်မှုကြီးကြပ်ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါ်နွယ်နီစိုး၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါ်နှင်းနှင်းယု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များစုစု ပေါင်း(၆၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - အေးအေးသီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)