ငါန်းဇွန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ဆောင်းကုလားပဲ မျိုးစေ့ထုတ်စိုက်ပျိုးတောင်သူများအား နည်းပညာပေးသင်တန်းဖွင့်ပွဲနှင့် ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါန်းဇွန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ဆောင်းကုလားပဲ မျိုးစေ့ထုတ်စိုက်ပျိုးတောင်သူများအား နည်းပညာပေးသင်တန်းဖွင့်ပွဲနှင့် ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းအခမ်းအနားကျင်းပ






MNP - ဒီဇင်ဘာ ၁၈


မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀နာရီမိနစ် ၃၀အချိန်က စိုက်ပျိုးရေး၊ မွေးမြူရေး ခေတ်မီစံပြကျေးရွာ(Smart Village) ရွာသစ်ကျေးရွာမှ ဆောင်းကုလားပဲ မျိုးစေ့ထုတ်စိုက်ပျိုးတောင်သူများအား နည်းပညာ ပေးသင်တန်းဖွင့်ပွဲနှင့် ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောခန္တီရှိန်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ လိုက်နာဆောင်ရွက်စေရန်၊ သီးနှံအထွက်နှုန်း တိုးတက်လာခြင်းဖြင့် ဝင်ငွေတိုးမြင့်လာစေရန်၊ သီးနှံများ၏ အထွက်ကောင်းမျိုး၊ စိုက်ပျိုးနည်းစနစ်နှင့် စိုက်ပျိုးချိန်များ မှန်ကန်စွာ ဆောင်ရွက်တတ်စေရန်၊ ပိုးမွှား/ရောဂါကျရောက်မှုအား ကြိုတင်ကာကွယ်ခြင်းကို သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု မရှိစေရေး ဂရုပြုအလေးထားဆောင်ရွက်လာစေရန်၊ မျိုးစေ့ထုတ်လုပ်ခြင်းဖြင် မြို့နယ်၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အတွက် မျိုးလိုအပ်ချက်အား အထောက်အကူဖြစ်လာစေရန်နှင့် တောင်သူများအနေဖြင့် မိမိကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာများ ကျယ်ပြန့်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ နည်းပညာပေး သင်တန်းဖွင့် လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော စိုက်ပျိုးရေး၊ မွေးမြူရေး ခေတ်မီစံပြကျေးရွာ (Smart Village) ရွာသစ်ကျေးရွာမှ ဆောင်းကုလားပဲ မျိးစေ့ထုတ်စိုက်ပျိုး တောင်သူများအား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ထောက်ပံ့စ္စည်းများ အသီးသီးပေး အပ်ခဲ့ကြောင်း သိရသည်။


အဆိုပါနည်းပညာပေးသင်တန်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၁၀)ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ခေတ်မီစံပြကျေးရွာ(Smart Village) ရွာသစ်ကျေးရွာမှ ဆောင်းကုလားပဲမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူ (၃၅)ဦး၊ စုစုပေါင်း(၄၅)ဦးတက်ရောက်ကြပြီး ညနေ ၃နာရီအချိန်အထိ ဖွင့်လှစ်ပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။                           


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)