MNP - ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများအပတ်စဉ် လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပတ်စဉ် လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ မြေပြင်လူဦးရေးစာရင်း Working Group ဖြင့်(၅)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ရန်၊ နေကြာစိုက်ပျိုးပြီးစီးမှုတင်ပြရန်၊ ရိုးပြတ်ကျန်စိုက်ပျိုးပြီးစီးမှုဆောင်ရွက်ရန်၊ Clean City၊ Green City၊Smart City ဖြစ်ပေါ်လာရေး အလေးထားဆောင်ရွက်နေရာ အပတ်စဉ်စနေနေ့တိုင်းသန့်ရှင်းရေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပြန်လည်ဆွေးနွေးတင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
No comments:
Post a Comment