ဘူးသီးတောင်မြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






MNP ၊ ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ယနေ့နံနက်၉နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး၅ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးစစ်ကြောင်းမှအဖွဲ့ခေါင်းဆောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးဦးဆောင်၍စစ် ကြောင်း၅ကြောင်းတွင် ပါဝင်သောဌာနဆိုင်ရာများ ပူးပေါင်းကာ ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာသို့ ကွင်းဆင်းကာ ပြည်သူများအား နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်း အသီးသီးမိတ်ဆက်ခဲ့ကြပြီး စည်းရုံးရေးစစ်ကြောင်းမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး  ဦးအေးမောင်သိန်းက အိမ်ထောင်စုစာရင်းများနှင့် ပတ်သတ်၍ အသိပညာပေးပြောကြားပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ( အခမဲ့)ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်စစ်ကြောင်း ၅ကြောင်းတွင် ပါဝင်သောဌာနဆိုင်ရာ အကြီးအကဲများက ရွာမကျေးရွာအတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)