Pages

Pages

ပေါက်တောမြို့နယ်အတွင်းရှိ(ထက်၊လယ်၊မူ) ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေး




MNP ၊  ဒီဇင်ဘာ ၁

 ပေါက်တောမြို့နယ်အတွင်းရှိ(ထက်၊လယ်၊မူ) ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပေါက်တောမြို့ရှိ အမက-ဘဝမ်းတွင်ပြုလုပ်ကြသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ်ပညာရေးမှူး  ဦးမောင်ဝင်းလှိုင်က အခြေခံပညာဦးစီးဌာနမှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲမှ ပညာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား စနစ်သစ်ပညာရေးမှာ နိုင်ငံတော်ကချမှတ်ထားသောမဟာဗျူဟာများ၊ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ၊  စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန်များနှင့် စည်ကမ်းများကို တန်ဖိုးထားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အနာဂတ်လမ်းပြသူများဖြစ်အောင်ကြိုးစားကြရန် အဖွင့်အမှာစကား ပြောကြားသည်။


အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်းတွင် စီမံဘာသာရပ်၊ ဘဏ္ဍဘာသာရပ်၊ ပညာဘာသာရပ်၊ စီမံကိန်းဘာသာရပ်၊ ကာယပညာဘာသာရပ်၊ ဒီဇင်ဘာလ ၁ ရက် မှ ဒီဇင်ဘာလ ၂ ရက်အထိ ၂ ရက်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ပေါက်တောမြို့နယ်အတွင်းမှ ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီး ၁၈၈ ဦး တက်ရောက်သင်ကြားကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment