Pages

Pages

တောင်ငူ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှဦးဆောင်၍ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 


MNP ၊ ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ဦးဆောင်ကျင်းပသော MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှု အားပေးသည်။


ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို ဒုတိယပိုင်းအစီအစဉ်အရကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးမှ ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး၊ ဦးကျော်ဇင်ထွန်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ (SME)ဌာနမှတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်စောမာမာဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဦးဇေယျာဆွေ၊ မြန်မာ့စီးပွားရေးဘဏ်တိုင်းမန်နေဂျာဒေါ်ပပကျော် ၊ (Machine City Co;ltd) Packaging Machine မှ ဦးရဲမြင့်ဦး၊ ဖိုးလမင်းကော်ဖီထုတ်လုပ်မှုလုပ်ငန်းမှဒေါ်တင်တင်ဝင်း၊ အေဝမ်းမုန့်ဖတ်ခြောက်ထုတ်လုပ်ငန်းမှ ဒေါ်အေမီအောင်တို့က ပါဝင်ဆွေးနွေးကြသည်။


အဆိုပါ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ တောင်ငူခရိုင်အတွင်းရှိမြို့နယ်များမှ ဒေသထွက်ကုန်လုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ကြသည့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment