MNP - ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်က အဖွင့်အမှာစကားပြောကြားခဲ့သည်၊၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်လင်းလင်းမော်မှ ကလေးသူငယ်မှုခင်းများ၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနများအလိုက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို မြို့နယ်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌမှပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment