MNP - ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်းရေး ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ တောင်ကျရေတိုက်စားမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်းနှင့် ရဲရွာရေးအားလျှပ်စစ်တို့ ဆက်သွယ်ထားသည့် ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်းတွင် ပျက်စီးခဲ့သော လမ်းတာဘောင်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပျက်စီးနေသည့် လမ်းတာဘောင် ပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၉၀.၀၀၀)သန်းဖြင့် လမ်း၏(၅၅)ကီလိုမီတာမှ(၅၅.၅)ကီလိုမီတာအတွင်း ရေတိုက်စားခံရသည့် လမ်းတာဘောင် အရှည်(၃၄)မီတာနှင့် (၄၆.၅)ကီလိုမီတာမှ(၄၇)ကီလိုမီတာအတွင်း ရေတိုက်စားသည့် လမ်းတာဘောင်အရှည် (၆၆)မီတာ စုစုပေါင်း အရှည်(၁၀၀)မီတာအား မြို့နယ်လမ်းဦး စီးဌာနမှ တာဝန်ယူပြီး ကျောက်ရိုးစီမြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ကုန်စည်စီးဆင်းမှုလျင်မြန်စေရေး၊ မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ဘဏ္ဍာနှစ်အလိုက်လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်နှင့်ကုန်ကျမှုစရိတ်သက်သာစေရေး၊ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် လိုအပ်သည့်လုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment