ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးတင်ဦးသည် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးတာဝန်ခံ အရာထမ်းများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးတင်ဦးသည် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးတာဝန်ခံ အရာထမ်းများနှင့်တွေ့ဆုံ

 


MNP - ဒီဇင်ဘာ  ၁


ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်(၀၉:၃၀) နာရီတွင် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။


ရှေးဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေနှင့်အညီစစ်ဆေးခြင်းဖြင့် ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိပါကြောင်း၊ မိမိတို့ရုံး၏ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်မှုအရည်အသွေးများ ပြည့်ဝနေရန်လည်းလိုအပ်ပါကြောင်း၊ လုပ်ငန်းသဘာဝအရ အဖွဲ့ဖြင့်ဆောင်ရွက်ရသည့် ပညာရပ်ဆိုင်ရာလုပ်ငန်းဖြစ်၍ အပြန်အလှန်လေးစားမှုဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆိုင်ရာအသိပညာ၊ ဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာ သင်ယူနေကြရမည်ဖြစ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစွာ၊ ရိုးသားဖြောင့်မတ်သိက္ခာသမာဓိရှိစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စာရင်းစစ်ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုနှင့် သတင်းအချက်အလက်လုံခြုံမှုတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိလျက် မွန်မြတ်သောစိတ်စေတနာများဖြင့် ပြည်သူ့အကျိုးရှေးရှု ဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း လမ်းညွှန် မှာကြားခဲ့သည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ် စာရင်းစစ်ရုံးတာဝန်ခံအရာထမ်းများက မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက် ရှင်းလင်းပေးခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း -သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)