MNP - ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက် တောင်သူအချို့မှာ ယခင်နှစ်များက ရော်ဘာပြားများ ဈေးကောင်းမရရှိခြင်းကြောင့် ရော်ဘာပင်များအား ခုတ်လှဲရောင်းချခဲ့ကြပြီး ကွမ်းသီးပင်များအား ကြားညှပ်ပြန်လည် စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရော်ဘာစိုက်တောင်သူအချို့မှာ ရော်ဘာတစ်ပင်လုံး ခုတ်လှဲရောင်းချခြင်း မပြုပဲ သင့်လျော်သော အမြင့် ၁၀ ပေ မှ ၂၀ ပေအကြားတွင် ရော်ဘာကိုင်းများအား ခုတ်ချရှင်းလင်းပြီး ထင်းအဖြစ် သုံးစွဲကြသည်။ ထိုသို့ခုတ်လှဲရှင်းလင်းခြင်းဖြင့် အလင်းရောင်နှင့် နေရောင်ခြည်ကောင်းစွာရရှိလာသော ရော်ဘာပင်များအကြားတွင် ကွမ်းသီးပင်များကို စိုက်ပျိုးခဲ့ကြပြီး ကျန်ရှိသော ရော်ဘာပင်စည်အပိုင်းတွင် အစေးလှီးရော်ဘာပြားထုတ်လုပ် ခြင်းများရနိုင်သရွေ့ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယခုအခါတွင် ခုတ်ထွင်ရှင်းလင်းခဲ့သော ရော်ဘာပင်ကတုံးများမှ ကိုင်းသစ် များပြန်လည်ထွက်ရှိလာကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ကွမ်းသီးပင်များအတွက် နွေရာသီတွင် အရိပ်ရသည့်အပြင် ရော်ဘာအစေးလှီးခြင်းလုပ်ငန်းအား ဆက်လက်လုပ် ဆောင်နိုင်သောကြောင့် အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment