ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ကျင်းပသည့် "(၁၀) ကြိမ်မြောက် ရုရှားတရားသူကြီးများညီလာခံ"သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ကျင်းပသည့် "(၁၀) ကြိမ်မြောက် ရုရှားတရားသူကြီးများညီလာခံ"သို့ တက်ရောက်


MNP ၊ ဒီဇင်ဘာ ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးများကောင်စီဥက္ကဋ္ဌ H.E. Mr. Victor Momotov တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိကျင်းပသော “(၁၀) ကြိမ်မြောက်ရုရှားတရားသူကြီးများ ညီလာခံ”သို့ တက်ရောက်ဆွေးနွေးခဲ့သည်။

   

အဆိုပါညီလာခံသို့ အာမေးနီးယားသမ္မတနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ကျူးဘားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီရန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ လွတ်လပ်သော ဓနသဟာရပြည်နယ်များ၊ ယူရေးရှမ်း စီးပွားရေးပြည်ထောင်စုနှင့် အက်ဘ်ခါဇီးယားသမ္မတနိုင်ငံတို့မှ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများနှင့် ကော်မတီအတွင်းရေးမှူးချုပ်များလည်း တက်ရောက်ကြသည်။

   

ယင်းညီလာခံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Putin တက်ရောက် အမှာစကားပြောကြားသည်။

   

ထို့ပြင် အဆိုပါညီလာခံ၌ ရုရှားနိုင်ငံ၏ လက်ရှိတရားရုံးများစနစ်ကို သုံးသပ်အကဲဖြတ်ခြင်း၊ တိုးတက်မှုရှိမည့် အလားအလာများချမှတ်ခြင်းနှင့် ရုရှားနိုင်ငံ၌ ပိုမိုကောင်းမွန်သည့် တရားစီရင်မှုဖြစ်ပေါ်လာရေးတို့နှင့်စပ်လျဉ်း၍ တရားစီရင်ရေးဆိုင်ရာ အဆိုပြုချက်များ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့အကြား တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များတွင် ဖြေရှင်းဆောင်ရွက်မှု အတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

   

(၁၀)ကြိမ်မြောက် ရုရှားတရားသူကြီးများညီလာခံသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးလည်း တက်ရောက်ခဲ့သည်။

ရုရှားခရီးစဉ်အတွင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးများကောင်စီဥက္ကဋ္ဌ H.E. Mr. Victor Momotov နှင့် သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)