ကြံခင်းမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် တွေ့ဆုံပြီးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် တွေ့ဆုံပြီးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

 


MNP - ဒီဇင်ဘာ   ၁


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကြံခင်းမြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ    ဦးမျိုးလှိုင်က    အဖွင့်အမှာစကား    ပြောကြားရာတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး  စားသုံးဆီ ဖူလုံစေရေးအတွက် ဆောင်းနေကြာ စိုက်ပျိုးမှုအခြေအနေ၊ မြို့တော်သန့်ရှင်းသာယာ လှပစေရန် (အပတ်စဉ်) စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်မှု၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွက်ရှင်းလင်းခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အသက် ၅နှစ်မှ ၁၁နှစ်အတွင်း ကျောင်းနေရွယ် ကလေးများနှင့် ကျောင်းပြင်ပ ကလေးများအား ဒီဇင်ဘာလအတွင်း ထိုးနှံရေးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းအတွက် မြို့နယ်အဆင့် ကော်မတီ ဖွဲ့စည်းထားပြီဖြစ်သော်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ လူကုန်ကူးမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ လုပ်ငန်းစဉ်များ ချပြရှင်းလင်းခြင်းနှင့် ဖြစ်စဉ်များဖြစ်ပွားမှုမရှိစေရေး၊ နိုင်ငံစီးပွားမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ၊ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်စည်ကမ်းများကို အထူးအလေးထား ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ကြရန် ပြောကြားပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မြင့်ကျော်မှ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသနေပြည်သူများ ပူးပေါင်းပါဝင် လာရေးအားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင် ဦးစီးမှူးဦးတင်မြိုင်မှ မြေပြင်လူဥိးရေစာရင်း ကောက်ယူမည့်ကိစ္စ အချိန်မှီ ဆောင်ရွက်နိုင်ရေးနှင့် အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း မှတ်ပုံတင်ကတ် ဆောင်ရွက်ပေးနိုင်ရေး အားလည်ကောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းတန်က သက်ဆိုင်ရာဌာနများမှ ဆောင်းနေကြာစိုက်ပျိုးမှု အခြေအနေနှင့် ဒေသဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် ရပ်ရွာအလိုက် လုံခြုံရေးများကို အထူးအလေးထားရှိမှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ဆောင်ရွက်ရမည့်  လုပ်ငန်းများကို ချပြရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ မိမိတို့နှင့်  သက်ဆိုင်သည့်    လုပ်ငန်းများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)