နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲသို့ တက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲသို့ တက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 



MNP  -  ဒီဇင်ဘာ  ၂၃

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ဒီဇင်ဘာ(၂၆)ရက်နေ့မှ (၂၈) ရက်နေ့အထိ ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲသို့ နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၃) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ဒီဇင်ဘာ(၂၆)ရက်နေ့မှ (၂၈) ရက်နေ့အထိ ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲသို့ နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်နိုင်ရေးအတွက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း နှင့် အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။


  

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုက နေပြည်တော်ရှိ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ ကျင်းပမည့်အခြေအနေနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက လိုအပ်ချက်များကို ပြန်လည် ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)