ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာအပ်နှင်းချီးမြှင့်ခြင်းနှင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုရသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာအပ်နှင်းချီးမြှင့်ခြင်းနှင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုရသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ  ၃၀


ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုလွှာ အပ်နှင်းချီးမြှင့်ခြင်းနှင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ဆုရသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ မဉ္ဇူ သကခန်းမတွင်ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး သိန်းလင်း တက်ရောက်ချီးမြှင့်သည်။


အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးသိန်းလင်းက ယနေ့ကျင်းပသည့် အခမ်းအနားဟာဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုတဲ့အခမ်းအနားဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အများပြည်သူအကျိုးအတွက် မိမိအသက်အန္တရာယ်ကိုမငဲ့ကွက်ဘဲစွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရသူများနှင့် အသက်ဆုံးရှူံးခဲ့ရသူများကိုစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ရဲဗလတံဆိပ်ကို နိုင်ငံတော်ကဂုဏ်ထူးဆောင်အဖြစ် ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတာဝန်ထမ်းဆောင်ရင်းကျဆုံးသွားသူများအတွက်များစွာစိတ်မကောင်း ဖြစ်ရပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နေဖြင့်လည်း ပြည်သူ လူထုအေးချမ်းသာယာမှုကို ထိပါးနှောက်ယှက်မှုများကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တဆက်တည်းမှာဘဲ့ နိုင်ငံ တော်ကကျင်းပတဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟို)အဆင့်ပြိုင်ပွဲမှာ တိုင်း၊ခရိုင် ဂုဏ်ဆောင်နိုင်ခဲ့သူများကိုလည်း အစိုးရအဖွဲ့အနေနဲ့ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များ အနေဖြင့်အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်မပျက်အောင် မိမိယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ မျိုးချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ခိုင်မာစွာဖြင့် နိုင်ငံနှင့်လူမျိုးယဉ်ကျေးမှုမျက်နှာစာကို အမျိုးသားရေးတာဝန်တစ်ရပ်အသွင်ဖြင့် ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍   ဝန်ကြီးက ရဲဗလတံဆိပ်ရရှိသူ  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးကိုကိုလွင်(ကွယ်လွန်) ကိုယ်စားသား ဖြစ်သူအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအားချီးမြှင့်ပေးအပ်ပြီး စစ်ဗျူဟာအဖွဲ့ (ကော့သောင်း) စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို) အဆင့်ပြိုင်ပွဲတွင် ရွှေ/ငွေ/ကြေးတံဆိပ်နှင့် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများအား ဝန်ကြီးမှရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ အခမ်း အနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)