MNP - ဒီဇင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား သန့်ရှင်းသပ်ရပ်မှုနှင့် ရက်လွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ၊ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့က ယနေ့ညနေပိုင်းတွင် မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချလျက်ရှိသည့် ဆိုင်များသို့ မြို့နယ်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ လိုက်ပါ၍ မြို့ပေါ်သုံးရပ်ကွက်ရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးဝါးများအား မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး၊ မှတ်ပုံတင်ခေတ္တရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ထားသောဆေးဝါး၊ ဆေးဝါးအတု၊ စံမညီ ဆေးဝါး၊ ပျက်စီးဆေးဝါး၊ ရောနှောဆေးဝါးများ၊ ဘေးဥပဒ်ဖြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်ထားသော ဆေးဝါး၊ ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ်ရှိသည့် ဆေးဝါးစသည့် အမျိုးသားဆေးဝါးဥပဒေအရ တားမြစ်ချက်များနှင့် လုံးဝသုံးစွဲရန်မသင့်သော ဆေးဝါးများ ဆေးဝါးအတု တရားမဝင် ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများသုံးစွဲရောင်းချပါက ဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၊ဆေးဝါးအမျိုးအစား များအလိုက် စစ်ဆေးခဲ့ကြပြီးဆေးဝါးများရောင်းချရာတွင် ပုံမှန်သတ်မှတ်ထားသည့် စျေးနှုန်းများထက်ရောင်းချခြင်း ရှိ/ မရှိများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment