ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိတိုင်းရင်းသား‌ရေးရာကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိတိုင်းရင်းသား‌ရေးရာကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်





MNP -   ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းရေးရာကိစ္စရပ်များ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်အတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်း လျှောက်ထားလာမှုများနှင့် စပ်လျဉ်း၍ဒေသခံတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာအရ သတ် မှတ်မြေများ၊ အများပြည်သူနှင့် တိုင်းရင်းသားများဆိုင်ရာ၊ ဘာသာရေး၊ သာသနာရေးနှင့်လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိအသုံး ပြုထားသည့်မြေများ စသည်တို့နှင့် သက်ဆိုင်ခြင်းရှိမရှိ သဘောထား မှတ်ချက်ပြန်လည်တင်ပြနိုင်ရေး ကွင်းဆင်ကြည့်ရှု စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဆက်လက်ပြီး ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက်တွင် အာခါတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီ(ရှမ်းပြည်နယ်)ရုံး၌ (၄၈)ကြိမ်မြောက် အာခါတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော် မိတ်ဆုံစားပွဲသို့ တက်ရောက်ပြီးရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ဒေသခံတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ၍ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)