MNP - ဒီဇင်ဘာလ ၂၄
မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ကကြီးမှူး၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးသင်တန်း (၁/၂၀၂၂) အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြင်ဦးလွင် မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (Myanmar Real Estate Services Association – MRESA) (ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ငွေကြေးခဝါချမှုကို တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေနှင့် သတင်းပို့အဖွဲ့အစည်းဖြစ်သည့် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက်နှင့်ပတ်သက်၍ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ သိသင့်သိထိုက်သည်များကို powerpoint presentation ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (Myanmar Real Estate Services Association – MRESA) (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးကျော်ဝင်းက အသိပညာပေးအစီအစဉ်တွင် ပါဝင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် အန္တရာယ်အကဲဖြတ်ရေး FIU နေပြည်တော်မှ ဒုတိယရဲမှူးကြီး ဦးမြင့်စိုးက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (Myanmar Real Estate Services Association – MRESA) ပြင်ဦးလွင်ခရိုင် ဥက္ကဋ္ဌ ဦးရဲလတ်က ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးသင်တန်း (၁/၂၀၂၂) အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်၊ ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တို့မှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများ၊ အိမ်ခြံမြေဆိုင်ရာ စိတ်ပါဝင်စားသူများစုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ်
https://t.me/MyanmarNationalPost
No comments:
Post a Comment