MNP ၊ ဒီဇင်ဘာ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲ နှင့်နံရံကပ်စာစောင် ပြပွဲကို ဒီဇင်ဘာ ၈ ရက်နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ အခြေခံပညာ မူလတန်း(အောင်သပြေ) ကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် ကကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် အားလပ်ချိန်များတွင် ပြင်ပဗဟုသုတ စာအုပ်များဖတ်ရှုခြင်းဖြင့်ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် အကျိုး ကျေးဇူးများကိုအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား ၊ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးပြီး ၎င်းတို့စိတ်ကြိုက် ရွေးချယ် ဖတ်ရှုထားသည့် စာအုပ်များမှပုံပြော ပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပေးပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှု ကာကွယ်တားဆီးရေး ၊အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွ ရူးသွပ်ဆေးများ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာလိုက်နာရမည့်စည်းမျဉ်းများ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများပါဝင်သည့်နံရံကပ်စာစောင်များ ကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြ ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost



No comments:
Post a Comment