MNP - ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးငယ်များ ကာယ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေ့ဦးစွာ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ အာရုံစူးစိုက်မှု၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ခုံလုပြိုင်ပွဲ၊ ကြက်ဖခွတ်ပြိုင်ပွဲနှင့်အပ်နဖါးထိုး ပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၂၀) ဦးတို့ပါဝင်ယှဉ် ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကလေးငယ်များအား ဆုများနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးချီးမြှင့်ခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment