MNP - ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါင်းနားရပ်ကွက် သီရိမင်္ဂလာ(၁) မြေသား လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၅) ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ လမ်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ် (၄၀၀၆၀၀၀၀)သန်း အကုန်အကျခံကာ လမ်းအရှည် (၁၇၇၅)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်ထု ၆ လက္မတို့ဖြင့် ပေါင်းနားရပ်ကွက် သီရိမင်္ဂလာ (၁) လမ်း မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၅) ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ(၁၉)ရက်နေ့က အပြီး ဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် အဆိုပါကွန်ကရစ်လမ်းအား မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကာ၊ စံချိန်စံညွှန်းအရည်အသွေးများနှင့် ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ်နှင့် စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်တို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း သိရသည်။
စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် မြို့ပေါ်လမ်းများနှင့် ဆက်စပ်သည့်ရွာများကိုလည်း ၂၀၂၂.၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်မြှင့်တင် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည်၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းများအား အဆင့်မြှင့်တင်၍ ကွန်ကရစ်လမ်းများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လမ်း(၁၃)လမ်းအထိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ကျောင်းသူ၊ ကျောင်းသားကလေးငယ်များ ပညာရေးမှအစ လွယ်ကူလျင်မြန်စွာ အချိန်အခါမရွေး သွားလာနိုင်တော့မည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့်လမ်းများကို လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရ သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment