MNP ၊ ဒီဇင်ဘာလ ၁၅
ဘီးလင်းမြို့နယ်၊ ညောင်ဒေါက်ကျေးရွာအနီး နယ်မြေခံ လုံခြုံရေးအဖွဲ့ဝင်များနှင့် KNU, PDF အကြမ်းဖက်သမားများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား တစ်ဦး အသေဖမ်းဆီးရမိပြီး လက်နက်ခဲရမ်းများ သိမ်းဆည်းရမိခဲ့သည်။
KNU/ PDF အကြမ်းဖက်သမားများ က ညောင်ဒေါက်ကျေးရွာအား ဆက်ကြေးလာကောက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် PDF အကြမ်းဖက်သမား ၂ ဦး၊ M-22 သေနတ် ၁ လက်၊ M-22 ကျည်အိမ် ၂ ခု၊ M-22 ကျည် ၁၁၀ တောင့်၊ M-16 သေနတ် ၁ လက်၊ M-16 ကျည်အိမ် ၂ ခု၊ M-16 ကျည် ၁၅ တောင့်၊ BA-91 လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment