ဗဟန်းမြို့နယ်တွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဒုတိယအဆင့်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်တွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဒုတိယအဆင့်ဖြေဆို

 


MNP - ဒီဇင်ဘာ ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်၊ အာဇာနည်လမ်း၊ မင်္ဂလာဗျူဟာ အသင်းဓမ္မာရုံတွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်ဒုတိယအဆင့်စာမေးပွဲ ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် မွန်းတည့်(၁၂:၀၀)အချိန်က ဖြေဆိုခဲ့ကြောင်းသိရသည်။


စာမေးပွဲဖြေဆိုရာတွင် ဒုတိယအဆင့် အဘိဓမ္မာ(ရိုးရိုး)ဖြေဆိုသူ သီလရှင်(၁၅)ဦး ကျား(၃)ဦး၊ မ (၁၆)ဦး၊ ဒုတိယအဆင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုသူ ကျား(၈)ဦး မ(၁၆)ဦး စုစုပေါင်း စာမေးပွဲ ဖြေဆိုသူ (၅၈)ဦး ဖြစ်ကြောင်း၊ တတိယအဆင့်စာမေးပွဲဖြေဆိုမှုကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ စာ‌မေးပွဲဖြေဆိုရာသို့ ဗဟန်းမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စန္ဒာဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)