ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ပုဇွန်တောင်မြို့နယ်အတွင်း အဓိကလမ်းမကြီးများတွင် လှည့်ရှင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ပုဇွန်တောင်မြို့နယ်အတွင်း အဓိကလမ်းမကြီးများတွင် လှည့်ရှင်းဆောင်ရွက်




MNP - ဒီဇင်ဘာ ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ  နေထိုင်သွားလာရေးအတွက် စည်ပင်သာယာဝန်ထမ်းများက အဖွဲ့များခွဲကာ အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် ဈေးအသီးသီးနှင့်လမ်းဘေးရောင်းချနေသော ဈေးသည်များ စည်းကမ်းစနစ်တကျရှိစွာ ရောင်းချရေး၊ လမ်းဘေးဈေးသည် မရှိစေရေး၊ လမ်းဆုံ မီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများ မရှိစေရေးနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် ဈေးသည်မရှိစေရေး စည်းကမ်းထိန်းဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဝန်ထမ်းများဖြင့် မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများတွင် လှည့်ရှင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျရှိစေရေး၊ ကိုဗစ်ရောဂါပြန့်ပွားမှုမရှိစေရေးတို့အတွက် ဆောင်ရွက်သည့်လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့်လက်ထောက်အုပ်ချုပ်ရေးမှူးတို့မှ နေ့စဉ်အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။  


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)